Monday, May 30, 2016

ကွန်မြူနစ်ကောင်းတစ်ယောက်



ကွန်မြူနစ်ကောင်းတစ်ယောက်

စစ်မှန်သည့် ကွန်မြူနစ်ပါတီကေဒါကောင်းတစ်ယောက်ဖြစ်လာစေရေးအတွက် တရုပ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ လျူရှောက်ချီ ၏ မှာကြားချက် မိန့်ခွန်းပါ။ တစ်ချိန်က ကမ္ဘာကျော်မိန့်ခွန်းတစ်ခုထဲမှာတော့ အပါအဝင်တစ်ခု ပေါ့။ ကွန်မြူနစ် ဆိုတဲ့ စကားလုံးကို ဖယ်လိုက်ရင် မည်သည့် ပြည်သူ့ပါတီက ပါတီဝင်အတွက်မဆို အလွန်ကောင်းသည့် မိန့်ခွန်းပါ။
အသေးစိတ်ဖတ်လိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါ။

Sunday, May 29, 2016

ရန်ကုန်တိုင်း စည်ပင် ဥပဒေများ



ရန်ကုန်တိုင်း စည်ပင် ဥပဒေများ

ဥပဒေပြဌာန်းထားသည်မှာ ၂ နှစ်နီးပါးရှိပြီ ဖြစ်ပါသည်။ သို့ရာတွင် လိုက်နာရန် မဆိုထားဘိ၊ ပြဌာန်းချက်ကို သိရှိသူပင် နည်းပါးလှပါသည်။ မြန်မာနိုင်ငံတော်ပြန်တမ်းတွင်လည်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။
လေ့လာဖတ်ရှုလိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါ။

Friday, May 27, 2016

ရှေ့နေ မလိုအပ်သည့် လူအဖွဲ့အစည်း



ရှေ့နေ မလိုအပ်သည့်  လူအဖွဲ့အစည်း

လွတ်လပ်မှုနှင့်ဒီမိုကရေစီရေးကို ရှေ့တန်းတင်သော အမေရိကန်ပြည်ထောင်စုတွင် ပြဌာန်းသော ဥပဒေများ များပြားလာမှုကြောင့် စားဝတ်နေရေးအတွက် အချိန်ပြည့် ရုန်းကန်နေရသော ပြည်သူများ အနေဖြင့် ဥပဒေများကို လိုက်နာရန် မဆိုထားဘိ၊ သိရှိရန်ပင် မလွယ်ကူသော အခြေအနေကို တွေ့ကြုံနေရပါသည်။ သို့ဖြစ်၍ လူတိုင်း မှာ ရှေ့နေ(ဥပဒေသမား) တွှိုနှင့်မကင်းနိုင် ဖြစ်နေရပါသည်။ ယင်းအပေါ် စာရေးသူက သုံးသပ်ရေးသားထားချက် ဖြစ်ပါသည်။
အသေးစိတ်ဖတ်လိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါ။

Tuesday, May 24, 2016

အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ

အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ

အလုပ်သမားရေးရာဥပဒေတစ်ရပ်ပါ။ သို့သော် ယခင်က စွဲထင်နေသည့် လုပ်ခွင်တည်မြဲပိုင်ခွင့်ဟူသည့် အချက်ကို ပယ်ဖျက်၍ အချိန်ကာလကန့်သတ်ချက်ဖြင့် ခန့်ထားသည့်အလုပ်သမား Contract Labour အဖြစ် ကို ထိတွေ့စေလိုက်သော ဥပဒေဖြစ်ပါသည်။
အလိုရှိသူများ ဤနေရာတွင်နှိပ်၍ download လုပ်ပါရန်

Monday, May 23, 2016

အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း



အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း

မြန်မာနိုင်ငံတွင် အမျိုးသားသစ်တောရေးရာစီမံချက်တရပ်ကို ရေးဆွဲရန် ၁၉၉၅ ခုနှစ် ကတည်းက စီစဉ်ခဲ့ပါသည်။ ထိုမှ ၁၉၉၈ ခုနှစ်တွင် အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း အဖြစ်ရေးဆွဲခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် အမျိုးသား သစ်တောရေးရာ မဟာဗျူဟာ စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံသင်တန်း ကို ကျင်းပခဲ့ပါသည်။ ထိုမှ ယခု နောက်ဆုံးဖြစ်သော  ၂၀၁၁- ၂၀၁၂ မှ ၂၀၃၀-၂၀၃၁ အထိ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း စာတမ်းသည် ၂၀၀၁ ခုနှစ်၊ ဇွန်လ တွင် ပေါ်ထွက်ခဲ့ပါသည်။ပေါ်ပေါက်လာခဲ့ပါသည်။
အသေးစိတ်ဖတ်လိုသူများ ဤနေရာတွင်နှိပ်၍ Download လုပ်ယူပါ။

Sunday, May 22, 2016

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ အရ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်းတွေထွက်လာရာတွင်၊ နည်းဥပဒေ ကို တင်ပေးရန် ကျန်သွားသည့်အတွက် ပြန်လည်တင်ပေးခြင်းဖြစ်ပါသည်။
လေ့လာဖတ်ရှုလိုသူများ ဤနေရာတွင်နှိပ်၍ Download လုပ်ယူပါရန်။

Friday, May 20, 2016

လယ်ယာမြေကို အခြားနည်း အသုံးချခွင့် ဆောင်ရွက်ရန် နည်းလမ်း



လယ်ယာမြေကို အခြားနည်း အသုံးချခွင့် ဆောင်ရွက်ရန် နည်းလမ်း

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားသည့်ကိစ္စရပ်များနှင့် စပ်လျှဉ်း၍ အမှုတွဲများဖွင့်လှစ်ခြင်း နှင့် စုံစမ်းစစ်ဆေး ဆောင်ရွက်ခြင်းနည်းလမ်း ညွှန်ကြားချက်ဖြဟ်ပါသည်။
အသေးစိတ်ဖတ်လိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါ။