Thursday, December 29, 2016

လူမှုရေးကွန်ယက်ပေါ်မှ အသရေဖျက်မှု



လူမှုရေးကွန်ယက်ပေါ်မှ အသရေဖျက်မှု

ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆ (ဃ) နှင့် စပ်လျှဉ်း၍ Cyber defamation ဖြစ်သဖြင့်၊ သာမန်ရာဇဝတ်မှုများနှင့် မတူကြောင်း၊ ဆက်သွယ်ရေးဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်အတွက် ပြဌာန်းထားသည့် ပုဒ်မ ဖြစ်ကြောင်း၊ သို့သော်လည်း၊ မိမိတို့ပုဂ္ဂိုလ်တစ်ဦးချင်း၏ အာဃာတနှင့်ယှဉ်၍ အသုံးချသည့်လုပ်ရပ်အချို့ကို မြင်တွေ့ရကြောင်း လေ့လာရေးသားတင်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။
ဖတ်ရှုလိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါရန်။

Wednesday, December 28, 2016

တာဝန်ကျေစပါး



တာဝန်ကျေစပါး

တာဝန်ကျေးစပါး ဆိုသည်မှာဘာလဲ။ မည်သို့စတင်သတ်မှတ်ဆောင်ရွက်ခဲ့သလဲ၊ ဥပဒေပြဌာန်းချက်က ဘယ်လိုရှိသလဲ၊ ယခု ဘာကြောင့် ကျင့်သုံးနိုင်ခြင်း မရှိတော့တာလဲ ဟူ၍မေးမြန်းလာချက်ကို အပိုင်းခွဲ၍ တင်ပြခဲ့ခြင်းအား တစ်ပေါင်းတည်း pdf. အဖြစ် ပြုလုပ်ကာ ပြန်လည်တင်ပြပေးခြင်းဖြစ်ပါသည်။
ဖတ်ရှုလေ့လာလိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါရန်။

Monday, December 26, 2016

သင်းချိုင်းမြေ စီမံချထားခြင်း



သင်းချိုင်းမြေ စီမံချထားခြင်း

သူသာန်မြေကို မည်သူက မည်သည့် ဥပဒေများအရ မည်ကဲ့သို့ စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း မေးမြန်းလာချက်ကို အပိုင်းများခွဲ၍ တင်ပြခဲ့ခြင်းအား တစ်ပေါင်းတည်း pdf. အဖြစ် ပြုလုပ်ကာ ပြန်လည်တင်ပြပေးခြင်းဖြစ်ပါသည်။
ဖတ်ရှုလေ့လာလိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါရန်။

Thursday, December 22, 2016

ရာဇဝတ်တရားသူကြီးအဖြစ်လုပ်ပိုင်ခွင့်ကို လေ့လာခြင်း



ရာဇဝတ်တရားသူကြီးအဖြစ်လုပ်ပိုင်ခွင့်ကို လေ့လာခြင်း

Magistrate ရာဇဝတ်တရားသူကြီးတစ်ဦး၏ လုပ်ပိုင်ခွင့်အဖြစ် ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များကို မည်သူတို့က ကျင့်သုံးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မည်သည့်ပြဌာန်းချက်များကြောင့်ဖြစ်ကြောင်း မိမိ၏ လေ့လာတွေရှိချက်များကို အခန်းဆက်ရေးသားဖေါ်ပြချက်များကို တစ်ပေါင်းတည်း ဖတ်ရှုနိုင်ရန် pdf. အဖြစ် ပြုလုပ်တင်ပြလိုက်ပါသည်။
ဖတ်ရှုလေ့လာလိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါရန်။

Friday, December 16, 2016

နိုင်ငံခြားသားဆိုင်ရာ ဥပဒေ (မူကြမ်း) ကို လေ့လာခြင်း



နိုင်ငံခြားသားဆိုင်ရာ ဥပဒေ (မူကြမ်း) ကို လေ့လာခြင်း

နိုင်ငံခြားသားဆိုင်ရာ ဥပဒေမူကြမ်း ကို ပြည်ထောင်စုလွှတ်တော် Website တွင် စတင်တွေ့ရှိချိန်၌ Down ယူထားကာ၊ လေ့လာသုံးသပ်ပြီးနောက်၊ မိမိ၏ တွေ့ရှိမိသည့်အချက်များကို အပိုင်းများခွဲကာ၊ မိတ်ဆွေများသို့ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းတို့ကို တစ်ပေါင်းတည်း pdf. ဖြင့် လိုချင်သည့် ဟုတောင်းဆိုသူများအတွက်၊ မူလအခြေခံ ဥပဒေ မူကြမ်းကိုပါ ပူးတွဲလျှက် မျှဝေပေးလိုက်ပါသည်။

Tuesday, December 13, 2016

အခွန်ကောက်ခံမှုစနစ်



အခွန်ကောက်ခံမှုစနစ်

ပြည်ထောင်စုလွှတ်တော်က ပြုစုထားသည့် အခွန်ကောက်ခံမှုစနစ်အကြောင်း သုတေသနသာတမ်းဖြစ်ပါသည်။ အခွန်ကောက်ခံခြင်း၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင်လက်ရှိကျင့်သုံးနေသည့်အခွန်များ၊ လက်ရှိအခွန်စနစ်နှင့်ပတ်သက်၍ အများပြည်သူ၏ အမြင်များ စသည့်တို့ကို စုစည်းဖေါ်ပြထားပါသည်။
ဖတ်ရှုလေ့လာလိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါရန်။